Wednesday, 25 September 2019

ေရႊ ရွှေ GOLD

ေရႊ ရွှေ GOLD

ရွှေသည် သာမန် အပူချိန်နှင့် ဖိအားအောက်တွင် အခဲသဏ္ဌာန် တည်ရှိသည့် သတ္တု ဒြပ်စင်တစ်မျိုး ဖြစ်သည်။ ဓာတုသင်္ကေတမှာ လက်တင် ဝေါဟာရ (Aurum - တောက်ပသည့် အရုဏ်ဦး) ၏ ထိပ်နှစ်လုံး Au ဖြစ်ပြီး အက်တမ်အမှတ်စဉ်မှာ ၇၉ ဖြစ်သည်။ သမိုင်းတင်ခေတ်မှ စ၍ လူသားများသည် ရွှေကို အဖိုးတန် လက်ဝတ်ရတနာများ၊ ခွက်၊ ယောက်၊ ပန်းကန်စသည့် လူသုံးကုန်ပစ္စည်းများ အဖြစ် သွန်းလုပ် အသုံးပြုကြသည်။ မြန်မာ့ ယဉ်ကျေးမှုတွင်မူ စေတီပုထိုးများ၏ ထီးတော်၊ သင်္ကန်းတော်အဖြစ် လည်းကောင်း ဗုဒ္ဓဆင်းတုတော်များအား ရွှေသင်္ကန်း ချရာတွင်လည်းကောင်း အသုံးပြုကြသည်။
ရွှေဝါရောင် ဝင်းလက်တောက်ပသည့် ရွှေသည် သိပ်သည်းဆကြီးပြီး နန်းဆွဲရလွယ်သော ပျော့ပျောင်းသည့် သတ္တုတစ်မျိုးဖြစ်သည်။ လျှပ်လျှောက် ကောင်းသောကြောင့် ယခုခေတ် ကွန်ပျူတာ၏ မားသားဘုတ်၊ အီလက်ထရွန်းနစ် ပစ္စည်း၏ အိုင်စီပြားတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။
zawgyi
ေရွြသည္ သာမန္ အပူခိ်န္နွင့္ ဖိအားေအာက္တြင္ အခဲသဏၭာန္ တည္ရိွသည့္ သတၱု ျဒပ္စင္တစ္မို်း ျဖစ္သည္။ ဓာတုသေကင္ၱမွာ လက္တင္ ေဝါဟာရ (Aurum - ေတာက္ပသည့္ အရုဏ္ဦး) ၏ ထိပ္နွစ္လံုး Au ျဖစ္ျပီး အက္တမ္အမွတ္စဉ္မွာ ၇၉ ျဖစ္သည္။ သမိုင္းတင္ေခတ္မွ စ၍ လူသားမ်ားသည္ ေရွြကို အဖိုးတန္ လက္ဝတ္ရတနာမ်ား၊ ခြက္၊ ေယာက္၊ ပန္းကန္စသည့္ လူသံုးကုန္ပစၥည္းမ်ား အျဖစ္ သြန္းလုပ္ အသံုးျပုၾကသည္။ ျမန္မာ့ ယဉ္ေက်းမႈတြင္မူ ေစတီပုထိုးမ်ား၏ ထီးေတာ္၊ သကင္ၷ္းေတာ္အျဖစ္ လည္းေကာင္း ဗုဒၶဆင္းတုေတာ္မ်ားအား ေရွြသကင္ၷ္း ခ်ရာတြင္လည္းေကာင္း အသံုးျပုၾကသည္။ 
ေရွြဝါေရာင္ ဝင္းလက္ေတာက္ပသည့္ ေရွြသည္ သိပ္သည္းဆၾကီးျပီး နန္းဆဲြရလြယ္ေသာ ေပ်ာ့ေပ်ာင္းသည့္ သတၱုတစ္မို်းျဖစ္သည္။ လွ်ပ္ေလွ်ာက္ ေကာင္းေသာေၾကာင့္ ယခုေခတ္ ကြန္ပူ်တာ၏ မားသားဘုတ္၊ အီလက္ထရြန္းနစ္ ပစၥည္း၏ အိုင္စီျပားတြင္ တြင္တြင္က်ယ္က်ယ္ အသံုးျပုလာၾကသည္။
တန္ဖုိးထားသတၱဳ   တန်ဖိုးထားသတ္တု 
မြန်မာလူမျိုးတို့သည် ရွှေကို မြတ်မြတ်နိုးနိုး တန်ဖိုးထား ဝတ်ဆင်ကြသည်။ လက်ဝတ် လက်စား အဆင် တန်ဆာများ၊ ဆံပင်ထုံးဖွဲ့မှု ပစ္စည်းများ၊ နန်းမှုနန်းရာ အသုံးအဆောင်များ၊ ရွှေဆိုင်းခတ်ခြင်းများ ပြုလုပ်ရုံသာမ၊ မြန်မာတို့အတွက် အထွတ်အမြတ်ထားရာ ကိုးကွယ်ဆည်းကပ်သော ဘုရားဆင်းတုတော်များ၊ စေတီပုထိုးများမှာ ရွှေကို ရွှေသင်္ကန်းအဖြစ် ကပ်လှူပူဇော်ကြသည်။ ရွှေကို မြန်မာနိုင်ငံ၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ရှမ်းတဲ၊ ဂဲတောင်၊ ကမ်းပါးနီနှင့် စဉ့်ကူးမြို့နယ်မှ နွယ်ရုံ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးရှိ မန်စီ၊ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ရွှေမင်းဘုံ၊ ပျဉ်းမနားရှိ ကျည်တောင်ခေါမ၊ ဆင်ဖြူတောင်ဒေသတို့မှာ တွေ့ရပါသည်။
မြန်မာတို့က အခေါက်ရွှေကို ၁၆ ပဲရည်လို့ ခေါ်ပြီး၊ အနောက်တိုင်းမှာ ၂၄ ကာရက်ရွှေလို့ ခေါ်ဝါ်ပါသည်။ ရွှေတစ်ကျပ်သားမှာ ငွေ သို့မဟုတ် ကြေးနီ တစ်ပဲသား ပါဝင်သော ရွှေကို ၁၅ ပဲရည်လို့ ခေါ်ပြီး သုံးပဲသား ပါဝင်သော ရွှေကိုတော့ ၁၃ ပဲရည်လို့ ခေါ်ကြပါသည်။ ရွှေပန်းထိမ် လုပ်ငန်းသည်လည်း မြန်မာနိုင်ငံတွင် အဓိက ကဏ္ဍမှာ ပါဝင်ပါသည်။ ရွှေသည် ပုံမှန်အခြေနေမှာ အဝါရောင်ရှိပြီး ပုံသွင်းရအလွယ်ကူဆုံးသော သတ္ထုတစ်မျိုးဖြစ်ပါသည်။ အသေးစိတ် ခွဲခြမ်း လေ့လာမှုမှာ အနက်ရောင်၊ ပတ္တမြားရောင် သို့မဟုတ် ခရမ်းနုရောင် အဖြစ် ပြောင်းလဲတွေ့ရပါသည်။ အခြားဒြပ်စင်တွေနှင့် ပေါင်းစပ်ဝတ်ဆင်ပါက အရည်သွေးများ ကျဆင်းသွားပါသည်။ အပူနှင့် လျှပ်စစ် စီးကူးမှုအားကောင်းသော သတ္ထုတစ်မျိုးဖြစ်သည်။ ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုများမှာ ရွှေကို အကောင်းဆုံး ကြားခံပစ္စည်းအဖြစ် အသုံးပြုပါသည်။ ကျန်းမာရေး ဆိုင်ရာ ဆေးလောကတွင်လည်း ရွှေကို ထိုးဆေးဖော်စပ်ကာ လူတို့၏ ခြေဆစ်၊ လက်ဆစ်ရောင် ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ လောက် ကတည်းက လူတို့သည် ရွှေကို တန်ဖိုးရှိသော ပစ္စည်းတစ်ခုအဖြစ် သတ္တုတို့၏ဘုရင်ဟု ခေါ်စမှတ် ပြုလာခဲ့သည်။ အင်္ဂလိပ် ဘာသာနှင့် ခေါ်သော Gold သည် Geola မှ ဆင်းသက် လာပြီး အဝါရောင်ဟု အနက်အဓိပ္ပါယ် ရပါသည်။ ရွှေကို ဒီနေ့အချိန်အထိ မြတ်နိုးမှု၊ တန်ဖိုးထားမှု၊ မက်မောမှု တို့ကတော့ လူတိုင်းမှာ ရှိနေဆဲပင်။
zawgyi
ျမန္မာလူမို်းတို့သည္ ေရွြကို ျမတ္ျမတ္နိုးနိုး တန္ဖိုးထား ဝတ္ဆင္ၾကသည္။ လက္ဝတ္ လက္စား အဆင္ တန္ဆာမ်ား၊ ဆံပင္ထံုးဖဲြ့မႈ ပစၥည္းမ်ား၊ နန္းမႈနန္းရာ အသံုးအေဆာင္မ်ား၊ ေရွြဆိုင္းခတ္ျခင္းမ်ား ျပုလုပ္ရံုသာမ၊ ျမန္မာတို့အတြက္ အထြတ္အျမတ္ထားရာ ကိုးကြယ္ဆည္းကပ္ေသာ ဘုရားဆင္းတုေတာ္မ်ား၊ ေစတီပုထိုးမ်ားမွာ ေရွြကို ေရွြသကင္ၷ္းအျဖစ္ ကပ္လႉပူေဇာ္ၾကသည္။ ေရွြကို ျမန္မာနိုင္ငံ၊ မနၱေလးတိုင္း သပိတ္က်င္းျမို့နယ္ရိွ ရွမ္းတဲ၊ ဂဲေတာင္၊ ကမ္းပါးနီနွင့္ စဉ့္ကူးျမို့နယ္မွ နြယ္ရံု၊ ကခ်င္ျပည္နယ္ ျမစ္ၾကီးနားျမို့အနီးရိွ မန္စီ၊ ရွမ္းျပည္နယ္ ကေလာျမို့နယ္ရိွ ေရွြမင္းဘံု၊ ပ်ဉ္းမနားရိွ က်ည္ေတာင္ေခါမ၊ ဆင္ျဖူေတာင္ေဒသတို့မွာ ေတြ့ရပါသည္။

ျမန္မာတို့က အေခါက္ေရွြကို ၁၆ ပဲရည္လို့ ေခၚျပီး၊ အေနာက္တိုင္းမွာ ၂၄ ကာရက္ေရွြလို့ ေခၚဝၚပါသည္။ ေရွြတစ္က်ပ္သားမွာ ေငြ သို့မဟုတ္ ေၾကးနီ တစ္ပဲသား ပါဝင္ေသာ ေရွြကို ၁၅ ပဲရည္လို့ ေခၚျပီး သံုးပဲသား ပါဝင္ေသာ ေရွြကိုေတာ့ ၁၃ ပဲရည္လို့ ေခၚၾကပါသည္။ ေရွြပန္းထိမ္ လုပ္ငန္းသည္လည္း ျမန္မာနိုင္ငံတြင္ အဓိက က႑မွာ ပါဝင္ပါသည္။ ေရွြသည္ ပံုမွန္အေျခေနမွာ အဝါေရာင္ရိွျပီး ပံုသြင္းရအလြယ္ကူဆံုးေသာ သတၳုတစ္မို်းျဖစ္ပါသည္။ အေသးစိတ္ ခဲြျခမ္း ေလ့လာမႈမွာ အနက္ေရာင္၊ ပတၱျမားေရာင္ သို့မဟုတ္ ခရမ္းနုေရာင္ အျဖစ္ ေျပာင္းလဲေတြ့ရပါသည္။ အျခားျဒပ္စင္ေတြနွင့္ ေပါင္းစပ္ဝတ္ဆင္ပါက အရည္ေသြးမ်ား က်ဆင္းသြားပါသည္။ အပူနွင့္ လွ်ပ္စစ္ စီးကူးမႈအားေကာင္းေသာ သတၳုတစ္မို်းျဖစ္သည္။ ဓာတုေဗဒဆိုင္ရာ ဓာတ္ျပုမႈမ်ားမွာ ေရွြကို အေကာင္းဆံုး ၾကားခံပစၥည္းအျဖစ္ အသံုးျပုပါသည္။ က်န္းမာေရး ဆိုင္ရာ ေဆးေလာကတြင္လည္း ေရွြကို ထိုးေဆးေဖာ္စပ္ကာ လူတို့၏ ေျခဆစ္၊ လက္ဆစ္ေရာင္ ေရာဂါေတြကို ေပ်ာက္ကင္းေအာင္ ကုသေပးၾကပါသည္။ လြန္ခဲ့ေသာ နွစ္ေပါင္း ၆၀၀၀ ေလာက္ ကတည္းက လူတို့သည္ ေရွြကို တန္ဖိုးရိွေသာ ပစၥည္းတစ္ခုအျဖစ္ သတၱုတို့၏ဘုရင္ဟု ေခၚစမွတ္ ျပုလာခဲ့သည္။ အဂၤလိပ္ ဘာသာနွင့္ ေခၚေသာ Gold သည္ Geola မွ ဆင္းသက္ လာျပီး အဝါေရာင္ဟု အနက္အဓိပၸါယ္ ရပါသည္။ ေရွြကို ဒီေန့အခိ်န္အထိ ျမတ္နိုးမႈ၊ တန္ဖိုးထားမႈ၊ မက္ေမာမႈ တို့ကေတာ့ လူတိုင္းမွာ ရိွေနဆဲပင္။

Wikipedia

No comments:

Post a Comment